မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် သုဓမ္မာ (၆) လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ  ဖေဖော်ဝါရီ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်  ၉ နာရီက (၂)ရပ်ကွက်၊ သုဓမ္မာ (၆) လမ်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က  အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် စည်ပင်သာယာ​ရေး ကော်မတီ အဖွဲ့ဝင် ဦးရဲဆင့်တို့က ဂုဏ်ပြုစကားများအသီးသီး ပြောကြားခဲ့သည်။

ဆက်လက်၍  အခမ်းအနားကို အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် တာဝန်ရှိသူများက ဖဲ​ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်း သစ်အား ကြည့်ရှုခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်ကို နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေနှင့် ရပ်ကွက်နေပြည်သူတို့၏ ထည့်ဝင်​ငွေ​ဖြင့်​ ဆောင်ရွက်ထားခြင်းဖြစ်ပြီး အလျား ၄၃၀၊ အနံ ၁၆၊ ထုထည် ၆ လက်မ ရှိကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)