မရမ်းကုန်းမြို့နယ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ပေါင်း၍​​​ ထောက်ပံ့ငွေများ ပေးအပ်ခြင်း

မရမ်းကုန်း နိုဝင်ဘာ ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁၀:၀၀နာရီက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ပေါင်း၍ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် မြို့နယ်ထောက်ပံ့ရေး ကော်မတီက ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားအိမ်ထောင်စု (၁၂၃၅၂)စုအတွက် တစ်အိမ်ထောင်လျှင် ကျပ်၄၀၀၀ဝိ/-နှုန်းဖြင့် စုစုပေါင်းကျပ် ၄၉၄၀၈၀၀၀ဝိ/-အား သက်ဆိုင်ရာ ရပ်ကွက်ကော်မတီများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့ငွေပေးအပ်ခြင်းများ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)