မြောက်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

မြောက်ဥက္ကလာပ  ဖေဖော်ဝါရီ   ၂၄

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကလေးငယ်များ သွေးလွန်တုပ်ကွေးနှင့် ခြင်ကြောင့် ဖြစ်တတ်သော အခြားရောဂါများ မဖြစ်ပွားစေရေး တို့အတွက် ရပ်ကွက်အတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများသို့ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် (ဋ) အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် အဖွဲ့များက နေရာအနှံ့ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)