စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်

တမူး နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျင် ငွေကျပ်(၂၀၀၀၀)နုန်းဖြင့် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်မှစ၍ ထောက်ပံ့ ပေးအပ် လျက်ရှိကြောင်း သိရသည်။

ခရိုင်အတွင်းရှိ တမူးမြို့နယ်မှအခြေခံလူတန်းစား အိမ်ထောင်စု(၆၆၁၈)စု၊ ခမ်းပါတ်မြို့မှ (၂၉၅၈)စု၊မြို့သစ်မြို့မှ(၁၁၀၁)စု ၊ စုစုပေါင်း အိမ်ထောင်စု(၁၀၆၇၇)စု တို့အတွက် အိမ်ထောင်စု တစ်စုလျင်(၂၀၀၀၀)ကျပ်နုန်းဖြင့် ( ၂၁၃၅၄၀၀၀၀   )ကျပ်ကိုစတုတ္ထ အကြိမ်မြောက် ထောက် ပံ့ပေးအပ်ခဲ့တာဖြစ်ပြီး ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ စာရေး ဝန်ထမ်းများ၊ရာအိမ်မှူးများ က သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများအလိုက် အိမ်တိုင်ရာ ရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)