ကွမ်းခြံကုန်းမြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအားထောက်ပံ့ငွေပေးအပ်

ကွမ်းခြံကုန်း         နိုဝင်ဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလ အတွင်းနိုင်ငံတော်မှ ထောက်ပံ့ငွေ တစ်အိမ်ထောင်လျှင် ကျပ်(၄၀၀၀၀) အားပေးအပ်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အဆင့်  ဝင်ငွေနည်း အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေများ စိစစ် ကြပ်မတ် ရေးအဖွဲ့ ()ဖွဲ့ ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း၍ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ထိန်းချုပ် ကန့်သတ်ကာကွယ် နေ သောကာလ အတွင်း အခြေခံလူတန်းစား လက်လုပ်လက်စား ဝင်ငွေနည်းမိသားစုများ အတွက် စား ဝတ်နေရေး အခက်အခဲများ လျော့ပါးသက်သာစေရန် နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး အမှန် တကယ်ပြည်သူများ လက်ဝယ်ရောက် ရှိရေးအတွက် စိစစ်ကြီးကြပ်ရေး အဖွဲ့များမှ ခေါင်းဆောင်၍ ရပ်ကွက်၊ကျေးရွာများ အရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ကွမ်း ခြံ ကုန်း မြို့နယ်  တွင်  မြို့ ပေါ်ရပ်ကွက်(၇)ရပ်ကွက် နှင့်ကျေးရွာအုပ်စု (၄၃) အုပ်စုမှ အိမ်ထောင်စု (၃၀၂၃၉) စု အတွက်တစ် အိမ်ထောင်လျှင် (၄၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၁၂၀၉၅၆၀၀၀၀)(ကျပ် တစ်ထောင် နှစ် ရာ့ကိုးသန်း ငါးသိန်း ခြောက်သောင်း) အားထောက်ပံ့ ပေးအပ်ခဲ့ ကြောင်းသိရသည်။ ထို သို့ ပေး အပ် ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရော ဂါ ကာ   ကွယ် ရေး နည်းလမ်းများနှင့် အညီပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)