စစ်ကိုင်းတိုင်းဒေသကြီး ရေးဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက်ထောက်ပံ့ငွေများထုတ်ပေး

ရေဦး နို၀င်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား   အိမ်ထောင်စုများအတွက်  နိုင်ငံတော်အစိုးရအနေဖြင့်  ထောက်ပံ့ငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ ညနေ  ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ငွေများကိုပေးအပ်ရာတွင် ရေဦးမြို့နယ်ရှိ  ရပ်ကွက်ကျေးရွာအုပ်စု ၆၇ အုပ်စု အုပ်ချုပ် ရေးမှူးများမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော   အိမ်ထောင်စုများသို့   ဆက်လက်  ထောက်ပံ့  ပေးသွားမည်ဖြစ်ကြောင်း၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   သိရသည်။

ရေဦးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၂၁၆၇၀ စုအတွက် ငွေကျပ် ( ၄၃၃, ၄၀၀, ၀၀၀ ) ကျပ်အား နိုင်ငံတော် မှထောက်ပံ့ပေးခြင်းဖြစ်ရာ  အဆိုပါထောက်ပံ့ငွေများကို  မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မင်းခိုင် သက်ဆိုက်ရာ  ရပ်ကျေးအုပ်ချုပ်ရေးမှုးများမှတဆင့်  ပုံမှန် ဝင်ငွေမရှိသော  အခြေခံလူတန်းစားအိမ်ထောင်စုများထံ  လက်ဝယ်အရောက် ထောက်ပံ့ပေးသွား မည်ဖြစ် ကြောင်းသိရသည်။

သန်းထိုက် ( ရေဦး )