မြဝတီ နိုဝင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့်ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက် ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွှဲ(၁) နာရီက မြဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြဝတီခရိုင်လူမှုဝန် ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မြဝတီမြို့အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအသိ ပညာပေးဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုတိုးပွားလာသောကြောင့် မြဝတီမြို့ရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာပါက မဖြစ်မနေနှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီး သွားရန်၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီလိုက်နာဆောင်ရွက်သွားရန် အသံ ချဲ့စက်ဖြင့်လိုက်လံ နှိုးဆော်ခဲ့သည်။
ထို့ပြင် မြဝတီမြို့ရှိ မိဘပြည်သူများနေဖြင့် ကိုယ်အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်း စတဲ့လက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနတွင် ပြသဖို့ကိုလည်း နှိုးဆော်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း လိုက်လံဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်