မိုးညို နို၀င်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက် ၂၀၂၀ဆောင်းရာသီစိုက်ပျိုးစရိတ် ထုတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါထုတ်ချေးငွေများကို အချိန်စေ့ကြွေးကျန်များပြေကျေပြီး ဆောင်းသီးနှံအမှန်စိုက်ပျိုးသော တောင်သူများအား တစ်ဧကလျှင် (၁)သိန်းနှုန်းဖြင့် ထုတ်ချေးလျက်ရှိရာ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ ပုံစံ (၇)ရှိ လူဦးရေ (၂၆)ဦး၊ ဧက (၁၁၉)ဧက၊ ထုတ်ချေးငွေ (၁၁၉၀၀၀၀၀)ကျပ်အား ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ချေးငွေလာရောက်ထုတ်ယူသောတောင်သူများအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီထုတ် ချေးပေးလျက် ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှသိရသည်။
ကိုမင်း(မိုးညို)