ရွှေဘိုခရိုင်ရုံးတွင် ​မောင်ခင်မင် (ဓနုဖြူ) ၏ "အ​မွေခံတစ်​ယောက် အ​မွေ​ပေးသူတစ်ရာ "စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပ

​ရွှေဘို ဇွန် ၅

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ​မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “အ​မွေခံတစ်​ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း‌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး​ဒေါ်ခိုင်ဇင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် (Youth Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာမောင်ခင်မင် (ဓနုဖြူ​) ရေးသားသည့် “အ​မွေခံတစ်​ယောက် အ​မွေ​ပေးသူတစ်ရာ” စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် လူငယ်​တွေအတွက် လူကြီး​တွေပြင်ဆင်သင့်တဲ့အရာများ၊ တပည့်​တွေအ​ကြောင်း၊ ကံရာဇာငယ်၏ အလှူမဏ္ဍပ်၊အ​မွေခံတစ်​ယောက် အ​မွေ​ပေးသူတစ်ရာ စသည့်အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)​