ကျောက်တံခါး နိုဝင်ဘာ ၁၂
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့်အခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရက တစ်အိမ်ထာင်ကျပ်နှစ်သောင်းထောက်ပံ့ခြင်းကို ယမန်နေ့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၈)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၄၆) အုပ်စုတို့ရှိ အိမ်ထောင်စုပေါင်း (၂၆,၅၃၄)စုအတွက် တစ်အိမ်ထောင်ကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ(၅၃၀,၆၈၀,၀၀၀/-)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)