ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၉၁၈၉၅)စု အတွက် ထောက်ပံ့ငွေများပေးအပ်

ရွှေပြည်သာ နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၄၀၀၀၀)နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ ည(၇)နာရီအချိန်တွင် ရွှေပြည်သာ မြို့နယ်သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း မြို့နယ်အုပ်ချုပ်  ရေးမှူး ဦးမိုးကျော်အောင်နှင့် မြို့နယ်စီမံခန့်မှုကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး ထောက်ပံ့ကြေးငွေ များအား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းနှင့်    မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံ ထောက်ပံ့ငွေများ ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် အိမ်ထောင်စု (၉၁၈၉၅)အတွက် တစ်အိမ်ထောင်စုလျှင် ကျပ်(၄၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၃၆၇၅၈)သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)