ထီးလင်း နိုဝင်ဘာ ၁၂
ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ အနေ ဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်၊ ကျေးရွာ များရှိပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများအား အခြေခံလူတန်းစားအိမ်ထောင်စုများ လက်ဝယ် အရောက် သွားရောက် ထောက်ပံ့ရာတွင်စနစ်တကျရှိစေရေး၊ အစိုးရကဖြန့်ဝေပေး သည့်ပမာဏ အတိုင်း မှန်မှန်ကန်ကန် အပြည့်အဝရောက်ရှိစေရေးသက်ဆိုင်ရာနယ်မြေဇုန် အလိုက် တာဝန်ခွဲ ဝေပေး အပ်ထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှပူးပေါင်း၍ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထ အကြိမ် ထောက်ပံ့ငွေများကို ထီးလင်းမြို့နယ်အတွင်းရှိအိမ်ထောင်စု(၁၉၂၅)စု အတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၃၉၀၄ ၀၀၀၀/-)ကျပ်အား ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။
အေလေးငယ်