ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် မည့် လမ်းတံတား‌ နေရာများအား ကွင်းဆင်းစစ်ဆေး

ကြာအင်းဆိပ်ကြီး  နိုဝင်ဘာ ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကျေးလက်ဒေသများရှိ ဒေသခံတိုင်းရင်းသားလူများ ပညာရေး ကျန်းမာရေး စီးပွားရေးနှင့် လူမှုရေးကိစ္စရပ်များအား အဆင်ပြေစေရေးအတွက် ကျေးရွာမီးလင်း‌ရေး သန့်ရှင်းသောသောက်သုံးရေများရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးအလမ်း တံတားများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်း‌ဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စုရန်ပုံငွေ)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် တောင်ကလေး -ဘုရားသုံးဆူ (၅၃/)မိုင် လမ်းကြောင်းပေါ်တွင် ဖောက်လုပ်ပြီး မြေသားလမ်း  (၂၂/မိုင်အနက်   (၁၀/) မိုင်ကျောက်ခင်းပြီး ကျန်မြေသားလမ်း(၁၁/)မိုင်မှ (/)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့်၎င်းလမ်းပေါ်ရှိ (၅၀)ပေ အာစီကွန်ကရစ်တံတား()စင်း တည်ဆောက် မည့် အဆိုပါကျေးရွာသို့ ကြာအင်းဆိပ်ကြီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ မြို့နယ်တာဝနန်ခံ ဦးထွန်းလင်း ဇော်(/)ညွှန်မှူးနှင့်ဝန်ထမ်းများကသွားရောက်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောက်ခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားရန် ကျန်ရှိနေသည့် (၁၀/)မိုင်လမ်းပိုင်း အား ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများရရှိအပေါ်မူတည်၍ ဆင်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး ပြန်/ဆက်