နတ်မောက် နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် စိတ်ဓာတ် ရေးရာမြှင့် တင်ပေး မှုဆိုင်ရာပြည်သူများသို့ ပန်ကြားလွှာများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာနတို့က ယမန်နေ့နံနက်ပိုင်း၌ လှည့်လည်နှိုးဆော်၍ အသိပညာပေးခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် Coronavirus Disease(COVID-19 )ကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ တာဝန်ပေးချက်အရ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့သည် တိုင်းဒေသကြီးအတွင်း (COVID-19 )ရောဂါကာ ကွယ် ၊ထိန်းချုပ် ၊ကုသရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (COVID-19 )ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီရဲ့တာဝန်တစ်ရပ်ဖြစ်တဲ့ စိတ်ဓာတ် ရေးရာမြှင့် တင်ပေးမှုလုပ်ငန်းစဉ်များ နှင့်ပြည်သူများသို့ပန်ကြားလွှာများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့ကအသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းဆောင်ရွက် ပေးခဲ့ ကြောင်းသိရသည်။
သင်းသင်းဝေ(နတ်မောက်)