ဘောဂလိမြို့၌တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ဘောဂလိ   နိုဝင်ဘာ    ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ဘောဂလိမြို့တွင်   တစ်ပိုင်တစ်နိုင်  ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့်  မိသားစုအပိုဝင်ငွေရရှိကြောင်း  သိရှိရသည်။

ဘောဂလိမြို့ရှိ  ဒေသခံများသည်   ကွမ်းစားတတ်သောအလေ့အထ  ရှိသောကြောင့်  ဥယျာဉ်ခြံများတွင်   ကွမ်းရွက်ပင်များအား  သီးညှပ်အဖြစ်  စိုက်ပျိုးထားပြီး   မိသားစုစားရန် အတွက်သာမက   ပိုလျှံပါက  လက်လီရောင်းချခြင်းဖြင့်   မိသားစု အပိုဝင်ငွေရရှိကြောင်းသိရှိ  ရသည်။

အဆိုပါ  ကွမ်းရွက်တစ်ပိဿာလျှင်   ကျပ်တစ်ထောင်ခန့်ရှိပြီး   အစည်းလိုက်ရောင်းချပါက  ကွမ်းရွက် တစ်စည်းလျှင်   ကျပ်ငါးရာခန့်ရှိကြောင်း  သိရှိရသည်။ 

ဘောဂလိ  (ပြန်/ဆက်)