ရန်ကုန် နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာ တွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး မြေညီထပ် ဆောက်လုပ်နေသည့် ပြီးစီးမှုအခြေအနေကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း နှင့် တာဝန်ရှိသူများသည် ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းမှ ဘိုကုန်းဈေးမြေညီထပ်အား EE ဦးစိုးလွင်မှ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများကို စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင် တွင် အန္တရာယ်ကင်းစွာ ဆောင်ရွက်ရေးနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေ များ စသည်တို့ကို ကြည့်ရှုစစ်ဆေးဆွေးနွေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြု မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း ၍ အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)