ပခုက္ကူ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပခုက္ကူမြို့၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့်ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင် ဦးဇော်ဝင်းက စာရေးဆရာမခင်ဆွေဦး၏ “အင်ကြင်းရဂုံ” ဝတ္ထုစာအုပ်ပါအကြောင်းအရာများကို ဦးဆောင် ဆွေးနွေးရာ စာဖတ်ဝိုင်းတက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များက အသီးသီးဆွေးနွေးကြသည်။
ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ(လူငယ်)များနှင့် ပြည်သူလူထုများ စာအုပ်စာပေချစ်မြတ်နိုးခြင်း၊ စာပေဖတ်ရှုလေ့လာခြင်း စသည့် အလေ့ကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်ကာ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်နှင့်သင်တန်းကျောင်းများ၊ စာပေဝါသနာရှင်များနှင့်ပူးပေါင်းပြီး လူငယ်စကားဝိုင်း၊ စာပေစကားဝိုင်း၊ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲနှင့် ဟောပြောပွဲများ ကျင်းပပေးခြင်း၊ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်း၊ ဉာဏပြိုင်ပွဲကျင်းပပေးခြင်းများ ပြုလုပ်ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)