ကျိုက်မရော နိုဝင်ဘာ ၁၂
မော်လမြိုင်ခရိုင် ၊ကျိုက်မရော မြို့နယ် တွင် ပြည်သူလူထုများလမ်းပန်းဆက်သွယ်ရေး လွယ်ကူ ချောမွေ့စေရန် နှင့်ကုန်စည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန် ယူဆောင်ရွက်လျက်ရှိသော အတ္ထရံရပ်ကွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ကိုနိုဝင်ဘာ၁၀ရက်မှစ၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိသည့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေ(၆၉.၆) သိန်းဖြင့် လမ်းအရှည် ၅၄၂ ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၃လက်မရှိသော မြေသားလမ်းအား ကတ္တရာ ထပ်ပိုးလွှာခင်းပေးခြင်းလုပ်ငန်း များကိုယခုလအတွင်း စံချိန်စံညွှန်းနှင့်အညီပြီးစီးရေးနှင့် အများပြည်သူ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ လက်ထောက် အင်ဂျင်နီယာ ဦးနေစိုးကျော်ထံမှသိရသည်။
ချိုချို( ပြန်/ဆက်)