မင်းဘူး နိုဝင်ဘာ ၁၂
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိရုံးအသစ် ဖွင့်လှစ်ပွဲ အခမ်းအနားကို (နိုင်ဝင်ဘာ ၁၂ ရက်) ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဦးစီးအရာရှိရုံးအသစ် ဆောက်လုပ်နိုင်ခဲ့မှုအပေါ် မကွေးတိုင်းဒေသကြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစွန်ထွေးက အမှာစကား ပြောကြားပြီးနောက် ခရိုင်ဦးစီးမှူး ဦးနေမျိုးအောင်က ဦးစီးအရာရှိရုံးအသစ် တည်ဆောက်ခဲ့မှုနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်ဦးစီးအရာရှိရုံးအသစ် တည်ဆောက်ရန် ဌာနပိုင်မြေနေရာကို မင်းဘူးမြို့နယ် မြန်မာ့ သစ်လုပ်ငန်း သစ်အရောင်းဆိုင်မြေနေရာအား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစတင်ကာ စက်တင်လာလကုန်အထိ ဆောက်လုပ်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ပြီးမြောက်၍ ယနေ့တွင် ရုံးသစ်စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးသာမာန်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သိန်း (၁၀၀)ကျော်ဖြင့် ဆောက်လုပ်ခဲ့ပြီး ယခင်စုပေါင်းရုံးကနေ ယခုလို ကိုယ်ပိုင်ရုံးဝန်း၊ ရုံးအဆောက်အဦ ကျယ်ကျယ်ဝန်းဝန်းဖြင့် မိမိတို့ ရုံးဝန်ထမ်းများက ရုံးလုပ်ငန်းများနှင့် ကွင်းလုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး အကျိုးကျေးဇူးများစွာ ရရှိလာနိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစွန်ထွေးက ပြောကြားသည်။
ရုံးအသစ်ဖွင့်ပွဲအခမ်းအနားသို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစွန်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)