ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

ရန်ကုန် ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာအကြံပေး ဦးဌေးလင်းကသင်ကြားမည့် သင်ခန်းစာများအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြများဖြစ်သော စာတည်းမှူးချုပ်ငြိမ်း ဦးခင်မောင်ကျော်ဒင်က သတင်းအခြေခံသဘောတရား၊ သတင်းတုန့်ပြန်ရေးသားနည်းနှင့် သတင်းဆောင်းပါးရေးသားနည်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက သတင်းမှားတိုက်ဖျက်ခြင်း၊ မီဒီယာဆိုင်ရာ သိနားလည်မှုနှင့် လူထုဆက်သွယ်ရေး နည်းလမ်းများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာ အကြံပေး ဦးဌေးလင်းက Content ရေးသားနည်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက သတင်းသမားများ လိုက်နာရမည့်တာဝန်နှင့်ကျင့်ဝတ်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ ခေါင်းစဉ်တို့ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် အတွင်းရှိ ဦးစီးအရာရှိများ၊ အငယ်တန်းစာရေးများနှင့် ဓာတ်ပုံကျွမ်းကျင်-၂ များ စုစုပေါင်း ဝန်ထမ်း(၁၉)ဦးတို့အား ဇွန်လ(၁၁)ရက်နေ့မှ ဇွန်လ(၁၄)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို