တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

တောင်ငူ ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်နှင့် မြို့နယ်အတွင်းရှိ အမှုထမ်းများ သတင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍  သတင်းရေးသားနည်းသင်တန်း (၁/၂၀၂၄) ကို ယနေ့နံနက် (၉) နာရီခွဲအချိန်က တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး သင်တန်းအားဖွင့်လှစ်သည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များကို သင်ကြားပို့ချပြီး ရေတာရှည်မြို့နယ်ရုံးမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇော်ထက်က သတင်းဗီဒီယိုတည်းဖြတ်နည်းကို စာတွေ့လက်တွေ့သင်ကြားပို့ချသည်။

အဆိုပါ သင်တန်းအား ဇွန် (၁၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး တောင်ငူခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း () ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)