ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာတွင် စာဖတ်ဝိုင်းကျင်းပ

ဂန့်ဂေါ  ဖေဖော်ဝါရီ  ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာ ဘုန်းကြီးကျောင်းရှိ သဒ္ဓမ္မဇောတိက ဓမ္မဗိမာန်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးရွာရှိ စာပေချစ်မြတ်နိုးသူများ၊ ခရိုင်ပြန်ဆက်၏ စာပေချစ်မြတ်နိုးသူများအသင်း( Book Club ) နှင့် (Youth Club)တို့က စာရေးဆရာမ နှင်းနွယ် (ကလေး)၏ " ရင်ဘတ်နှင့် ဖြတ်ကျော်ခြင်း" ဘဝထဲကဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က စာဖတ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အသိဉာဏ် ဗဟုသုတကြွယ်ဝပြီး မိမိပတ်ဝန်းကျင်ကို အကျိုးပြုတဲ့သူများဖြစ်စေရန်၊ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြား တတ်စေရန်အတွက် စာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် "နှုတ်ဖျားက စကားချိုပါစေ"၊ "လှပလန်းဆန်း ပရဟိတပန်း" ခေါင်းစဉ်ဖြင့် တက်ရောက်လာသည့် စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)