အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ဆက်လက်ပေးအပ်

ဒဂုံမြောက် နိုဝင်ဘာ ၁၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ များ ပေးအပ် လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်လေးသောင်းစီ ထောက်ပံ့ပေးအပ်မှုများအား ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ် အတွင်းရှိ ရပ်ကွက် များတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်စား အိမ်ထောင်စုများအား လက်ဝယ် အရောက် ပေးအပ်လျက်ရှိရာ ကျန်ရှိသောရပ်ကွက်များကိုလည်း ဆက်လက်၍ ထောက်ပံ့ငွေများ ပေးအပ်လျက် ရှိကြောင်း သိရသည်။ မြို့နယ်အတွင်း ကျန်ရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင်  ရပ်ကွက်(၂၇) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၁၁,၂၅၅)ဦးရေ အတွက် ထောက်ပံ့ငွေ   ကျပ် စုစုပေါင်း သိန်း (၄၅၀,၂၀၀,၀၀၀) ဖြစ်ပြီး ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအတွက် အထောက်အကူ ဖြစ်စေရန် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)