ဘောဂလိ နိုဝင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများအား စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဘောဂလိမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ စနစ်တကျ ပေးအပ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ဘောဂလိမြို့အုပ်ချုပ်ရေးမှူး ဦးစောဘိုဘိုကျော်က ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ကျပ် (၂၀၀၀၀) နှုန်းဖြင့် တစ်အိမ် တက်တစ်အိမ်ဆင်း ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘောဂလိမြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈) အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်စား အိမ်ထောင်စု (၂၀၂၉) စုရှိကြောင်း သိရသည်။
နီလာအေး(ပြန်/ဆက်)