စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ မုံရွာမြို့ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးတွင် အသုံးပြုရန်အတွက် ငွေကျပ် သိန်း(၅၀)လှူဒါန်းပေးအပ်

မုံရွာ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ မုံရွာမြို့ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီမှ  COVID-19 ရောဂါ ကာကွယ် ကုသရေးတွင် အသုံးပြုရန်အတွက် ငွေကျပ် သိန်း(၅၀)လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက် (၁၀)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ COVID-19 ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီမှ တာဝန်ရှိသူများက COVID-19 ရောဂါ ကာကွယ် ကုသရေးတွင် အသုံးပြုရန်အတွက် ငွေကျပ် သိန်း(၅၀)ကို ပေးအပ် ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် နှင့် တာဝန်ရှိသူတို့ က လက်ခံရ ယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ တွင် ကျင်းပပြုလုပ်သော သတင်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကား ပြောကြား ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြကြရာ လိုအပ်ချက် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)