ကွမ်းခြံကုန်းမြို့နယ်တွင် ကျား/မ ရေးရာ အသိပညာပေးနှင့် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ သင်တန်း ပို့ချ

ကွမ်းခြံကုန်း နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကန်လျားရှည် ကျေးရွာအုပ်စု၊ ကန်လျားရှည်ကျေးရွာ မူကြိုကျောင်းတွင် ကျား/မ ရေးရာ အသိပညာပေးခြင်းနှင့် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ သင်တန်းကို ယမန်နေ့က Worldview International Foundation (WIF) အဖွဲ့မှ ဦးဆောင်၍ ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် Worldview International Foundation (WIF) အဖွဲ့မှ ဒီရေတော လက်ထောက် စီမံကိန်းမန်နေဂျာ ဦးလှိုင်ဌေးက စီမံကိန်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် Head of Liverlihood Programme မှ Naw Grace Boni က သင်တန်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ သင်တန်းသို့ ကန်လျားရှည် ကျေးရွာအုပ်စုနှင့် ဝက်ကိုက်ကျေးရွာအုပ်စုမှ သင်တန်းသူ (၂၆) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ () ရက်တာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)