အလင်းစေတမန် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲပြုလုပ်

ဂန့်ဂေါ  ဖေဖော်ဝါရီ  ၂၄

အလင်းစေတမန် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)၌ပြုလုပ်ရာ အလင်းစေတမန် ကျောင်းစာကြည့်တိုက်ကို ဥူးဇင်းပါမောက္ခ၊ ဥူးဇင်းဉာဏဝရ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်၊ စာရေးဆရာမ နှင်းနွယ်နှင့် စာရေးဆရာမ အကြင်သူ(ယောမြေ)တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က စာကြည့်တိုက်ရှင်သန်ရေးနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားကာ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များအား စာရေးဆရာမ အကြင်သူ(ယောမြေ)က ဥူးဇင်းပါမောက္ခထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်ဖြစ်မြောက်ရေး ဦးဆောင်အရှင်သူမြတ် ဥူဇင်းပါမောက္ခက ကျောင်းစာကြည့်တိုက်နာမည်၏ အဓိပ္ပါယ်များကို ရှင်းလင်းပြောကြား ၍ နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)