လဟယ် ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလှူငွေနှင့် စာအုပ်/စာစောင်များ လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့နံနက် ၁၀ နာရီအချိန်က လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ ကျင်းပပြုပါသည်။
ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေ၊ စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်းပေးလျက်ရှိကြောင်း ပြောကြားပါသည်။ ထို့နောက်ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက စုပေါင်းလှူဒါန်းသည့် အလှူငွေနှင့်စာအုပ်စာစောင်များကို လှူဒါန်းရာတွင် အလှူငွေ (၅)သိန်းကျပ်နှင့် သုစာအုပ်(၁၈)အုပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)