ရေနံချောင်း ဇွန် ၁၇
အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ကမ္ဘာ့သဲကန္တရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး)များ၊ သင်တန်း/စီမံ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ကြပြီး ကံ့ကော်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ သရက်၊ ဖန်ခါး၊ သခွပ်၊ ငုဝါ၊ ငုချယ်ရီ၊ ပိတောက်၊ ပျဉ်းမ၊ နတ်ဩဇာ၊ စက္ကူပန်းပင် သစ်မျိုးစုံစုစုပေါင်း အပင် ၆၀ ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်