ကဝ ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က(ကဝ)၊ ဆရာကျော့ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာအခမ်းအနားတွင် အ.ထ.က(ကဝ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဦးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ၊ ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားများ၊ ကလေးသူငယ်၏အခွင့်အရေးများ၊ ကလေးသူငယ်ကို မွေးစားခြင်း ဆိုင်ရာများ၊ အလုပ်လုပ်ကိုင်စေခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်ဦးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ပတ်သတ်၍ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်များ အား အကြမ်းဖက်ခြင်းဆိုင်ရာများ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသောကျောင်းသား/ကျောင်းသူများက သိရှိလိုသည့်အချက်များအား မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)