လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်များငှားရမ်းပေး

လိပ်သို ဇွန် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများ စာအုပ်ငှားရမ်းဖတ်ရှုနိုင်ရန်၊ စာပေ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရန်အတွက် ယနေ့နံနက်ပိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ စာအုပ်/ စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ပြည်သူများနှင့် ဝန်ထမ်းများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာသယ်ဆောင်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းခဲ့ရာ တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အစားထိုးငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် လွယ်လင့်တကူစာပေဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများသို့ အပတ်စဉ်သွားရောက်၍ သုတ၊ ရသ စာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)