ခန္တီးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

ခန္တီး ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ကျောင်းသား/သူလေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ပိုမိုသိရှိနားလည်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲအားကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၀) ဦးက မူးယစ်ဟူကရှောင်ရှားကြခေါင်းစဉ်ဖြင့် စိတ်ကြိုက်ပန်းချီနှင့် မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/သူလေးများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)