ရန်ကုန်ဖေဖော်ဝါရီ ၂၃
မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များအသင်း၏ နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)Community Cenrre တွင် ကျင်းပရာ မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ Medical Technologist ဒေါ်လင်းလင်းဦးက”Quality Control Clinieal Laboratory”ခေါင်းစဉ်ဖြင့်လည်ကောင်း၊ MMTA Forengn Relation Officer ဒေါ်နန်းရွှေရင်က”Different Techniques for Autoimmune Diagnosis”and “Immune Response to Cov and Ourduty”ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းပြောကြား ကြသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး မြန်မာဆေးဘက် ဆိုင်ရာ ဓာတ်ခွဲပညာရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစောမေရှ ကနိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)