ပန်းဘဲတန်း ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက (Book Club) စာပေချစ်သူများအဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာမ ဥုံဉုံဖွား ရေးသားထားသည့် "ချစ်မြတ်နိုးပါ အမိမြေ "ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာဥက္ကဋ္ဌ ဦးထင်ဇော်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စာရေးဆရာမ ဥုံဥုံဖွားက ၄င်းရေးသားသည့် “ချစ်မြတ်နိုးပါ အမိမြေ” ဆောင်းပါးအားဖတ်ကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများ စာပေချစ်မြတ်နိုးသူများက ဆောင်းပါးပါ ဇာတ်ကောင်များ၏ စကားလုံးအသုံးအနှုန်း၊ အကြောင်းအရာများ ဆက်စပ်မှုလိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ဥမ္မာကျော်(ပြန်/ဆက်)