ဖြူး ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲကျင်းပရာ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၀) ဦးသည် “မူးယစ်ဆေးဝါးပပျောက်ရေး အားလုံးဆောင်ရွက်ပေး” ခေါင်းစဥ်ဖြင့် ယှဥ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်အိမာဟိန်းနှင့် ဆရာ/ဆရာမများက ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုများ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများအား စာအုပ်ပြပွဲပြသပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)