ကွမ်းခြံကုန်း ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၆ နေ့က တော်ခရမ်းကြီးကျေးရွာ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေ အကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ယာယပညာဦးစီးဌာန၊ ဒေါ်နန့်လင်းလင်းဝင်း (အကြီးတန်းစာရေး) က လူငယ်နှင့်အားကစား အကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အီလက်ထရောနစ် အငွေ့ရှူစက်အကြောင်းအရာများလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ လက်ထောက်တိုင်းရင်းဆေးခန်းမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးအကြောင်းသိကောင်းစရာ အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး တက်ရောက်ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)