အုတ်တွင်း နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပဲခူးလမ်းလမ်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေအား ယမန်နေ့ နံနက်ပိုင်းက ပဲခူးလမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၊ ပဲခူးလမ်းရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် အိမ်ထောင်စု(၄၁၂)စုအတွက် စုစုပေါင်းငွေကျပ်(၈၂၄၀၀၀၀) တိတိအား ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပဲခူးလမ်း ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးဝင်းလှိုင်ထံမှ သိရသည်။
ခင်မာ(ပြန်/ဆက်)