တွံတေးမြို့နယ်၌ ခရိုင်အဆင့် ၂၀၂၄ ခုနှစ် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တွံတေး ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က (ခွဲ) တန်လျားလေးကျောင်းမှ (G-6) ကျောင်းသူလေးများက ကာယနှင့်ဂီတပေါင်းစပ်၍ "အလှကမ္ဘာမြေ" တေးသီချင်းဖြင့်သရုပ်ပြ ကပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)ဦးမောင်မောင်က သရုပ်ပြကပြသော ကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ဆက်လက်၍ လူငယ်ရေးရာကော်မတီဒုဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင်က ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၃) ဦးမောင်မောင်၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းရီတို့က အဖွင့်အမှာစကားများပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဦးလှစိုးက သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက စာတတ်ပြီးစာဖတ်သူနှင့် စာတတ်ပြီးစာမဖတ်သူတို့အကြောင်း၊ မြို့နယ်ပညာရေးဌာနမှ ဒုဦးစီးမှူး (ကာယ) ဒေါ်ဖြူဖြူက အားကစားနှင့်ပညာရေး၊ တွံတေးခရိုင်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးအောင်နိုင်ဦးက လူငယ်နှင့်အားကစား အကြောင်းခေါင်းစဥ်များဖြင့်ဟောပြောပြီး မြို့နယ်ပညာရေးဌာနမှဆရာမများက Physical Fiteness Dance ဖြင့်သရုပ်ပြကာ ခရိုင်အား/ကာမှူး ဦးအောင်နိုင်ဦးက သရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်သက်မာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၃) ဦးမောင်မောင်၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းရီ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦး၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်မာနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မျိုးလှိုင်