ထီးလင်းမြို့နယ်တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများရွေးချယ်

ထီးလင်း  နိုဝင်ဘာ ၁၅

ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)  အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျေးရွာများကို အခြေခံ စံသတ်မှတ် ချက်များနှင့်အညီ ယမန်နေ့နံနက် ၁၀ နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆွေးနွေးညှိနှိုင်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများရွေးချယ်ရေး ဆွေးနွေးညှိနှိုင်းပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦး၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဋ္ဌေးဝင်း၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်အောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒိ္ဓ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးအေးထွန်းမင်းနှင့် တာဝန်ရှိသူများ က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာရွေးချယ်ရမည့် အခြေခံစံသတ်မှတ်ချက်များနှင့်အညီ ကျေးရွာ ၇ ရွာကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ညှစ်ရှောက်၊ ကျောက်စာရေး၊ ညောင်ဇဉ်၊ ရှော်ဖြူပင်၊ လယ်ကန်း၊ စင်းစယ်၊ အောင်း(တောင်)ကျေးရွာ ၇ ရွာကို ရွေးချယ်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။

အေလေးငယ်