ကလေး နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထကြိမ်မြောက် ပေးအပ်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက ပြည်သူတို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြသည်။
ထိုသို့ပေးအပ်ထောက်ပံ့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၅၆၆၄၈)စုတို့အတွက် အိမ်ထောင်စုတစ်လျှင် (၂၀၀၀၀)နှုန်းဖြင့် ပြည်သူတို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)