ကလေး နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ခုတင် ၃၀၀ ဆံ့ဆေးရုံ (တိုင်းရင်းဆေးရုံ)နှင့် ပြည်သူ့အငှား အိမ်ရာ(အိတ်စွပ်)ရှိ အထူးကြတ်မတ်ဆောင်တွင် ဆေးကုမှုခံယူနေကြသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ (၆) ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန် သောကြောင့် ယမန်နေ့ မွန်းလွဲပိုင်း ၁ နာခွဲအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအတည်ပြုလူနာ(၆)ဦးတို့မှာ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ(၁၃)နေ အမျိုးသား (၁)ဦး၊ ချမ်းမြေ့ အောင်စည် ရပ်ကွက် နယ်မြေ(၁၃)နေ အမျိုးသား(၁)ဦး၊ အောင်သစ္စာ ရပ်ကွက်နယ်မြေ (၈)နေ အမျိုးသားတစ်ဦးနှင့် ခရိုင်ရဲစခန်းမှ အမျိုးသား(၃)ဦးတို့ဖြစ်ကြပြီး ခုတင်-၃၀၀ ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဆေးရုံဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်း ပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ သူနာပြုဆရာ/ဆရာမများက မှာကြားခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း ၁၃၀ ဦးရှိကာ (၉၈)ဦးတို့မှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး ကျန်ရှိနေသည့် (၃၂)ဦးတို့ကို ကလေးမြို့ ခုတင်-၃၀၀ ဆံ့ဆေးရုံကြီး (တိုင်းရင်းဆေးရုံ)နှင့် ပြည်သူ့အငှားအိမ်ရာ(အိတ်စွပ်) အထူးကြတ်မတ် ဆောင်တွင် ဆေးကုသမှု ခံယူစေကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)