မင်းလှ မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ကာကွယ်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့်က ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရန်အတွက် ညီညီညွတ်ညွတ် အားလုံးပူးပေါင်း ပါဝင်ကြရန် အမှာစကားပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်လှဝင်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများအကြောင်း၊ ရောဂါကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများတို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ အသိပညာပေး လုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ