ပုလဲမြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

ပုလဲ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာ ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်   ပုလဲမြို့နယ်အတွင်းရှိ မဲရုံများ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဌေးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် မြို့နယ်အတွင်းရှိ မဲရုံများ၌ လုံခြုံရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အထူးရဲတပ်ဖွဲ့ဝင်များအား ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဌေးနှင့် တာဝန်ရှိသူများက  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်း ရှိ မဲရုံ ၁၆၁ ရုံ၌ လုံခြုံရေး တာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင် ၁၆၁ဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ  ချီးမြှင့်သည့်   ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်