ကော့မှူး နိုဝင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Stay At Home သတ်မှတ်ထားစဉ် ကာလအတွင်း သီလရှင် ဆရာလေးများ ဆွမ်းကိစ္စအစဉ်ပြေစေရန်အတွက် စန္ဒဘယဆေး မိသားစုမှ ဦးဆောင်ပြီး တိုင်းရင်းဆေးမိသားစုများ၊ မေတ္တာပြည့်ဝ သာသနာပြုအသင်း၊ နှစ်ဦး ဓမ္မသဘင် အလှူရှင်မိသားစုများနှင့် တိုင်းကြက်ခြေနီ အသင်းတို့ စုပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့မရပ်ကွက်ရှိ ပညာသိင်္ဂီ သီလရှင် စာသင်တိုက်သို့ ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်များ ဆက်ကပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ လှူဒါန်းရာတွင် ကော့မှူးမြို့နယ် ပညာသိင်္ဂီသီလရှင်စာသင်တိုက်အတွက် ဆန်(၁)အိတ်၊ ဆီ(၁၀)ပိသာ၊ ဆား(၁) အိတ်၊ ဆေးမျိုးစုံလက်သန့်ဆေး၊ Mask(၁)အိတ်၊ ကုလားပဲ(၁၅)ပိသာ၊ အားလူး(၁၅)ပိသာ၊ ခေါက်ဆွဲခြောက်(၃)ဖာ၊ ကော်ဖီမစ်(၃)ပါကင်၊ ကြက်သွန်နီ(၁၅)ပိသာ စုစုပေါင်း အခြေခံပစ္စည်း(၉)မျိုးနှင့် တိုင်းရင်းဆေးဝါးတို့အား သီလရှင် ဆရာကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကော့မှူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၃)ကျောင်းတို့အား ဆက်လက်လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တာဝန်ရှိသူ ထံမှသိရသည်။
ကျော်သူရ (ကော့မှူး)