ထန်းတပင်မြို့နယ်၌ အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သီရိမင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှနိုင်က ဂုဏ်ပြုအမှာစကားပြောခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်မှ ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်လင်းစိုး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဖေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်အောင်ဝင်းစိန်တို့မှ ပေးအပ်ချီးမြှင့်ခဲ့ရာ အထူးရဲတပ်ဖွဲ့ဝင်များက အသီးသီး လက်ခံရယူခဲ့ ကြသည်။

ထန်းတပင်မြို့နယ်တွင် မဲရုံပေါင်း(၉၄)ရုံတွင် ရဲတပ်ဖွဲ့ဝင်များနည်းတူ ကျေးရွာများအတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒပြုထားသည့် မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ကျေးရွာများမှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပြဿနာ တစ်စုံတစ်ရာဖြစ်ပေါ်မှုမရှိဘဲ ရောက်ရှိအောင် လုံခြုံရေးတာဝန်များကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

 

မြို့နယ် (ပြန်/ဆက်)