ချောက် နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များ အားဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နံနက်(၈)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမနှင့် ဂွေးချိုကျေးရွာ အထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးစိုးချောက်မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့၍ မြို့နယ်အတွင်းရှိ မဲရုံများလုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အထူးရဲတပ်ဖွဲ့ဝင်များအား တာဝန် ကျေပွန်စွ ထမ်းဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ သည့်ပါတီစုံ ဒီမိုကစီအထွထွေ ရွေးကောက် ပွဲတွင်မြို့နယ် အတွင်းရှိ မဲရုံ(၂၅၈)ရုံ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်(၂၅၈)ဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိုးစိုးက ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)