စစ်ကိုင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် ဒုတိယအကြိမ် မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန် လက်တွေ့သရုပ်ပြသ

စစ်ကိုင်း နိုဝင်ဘာ   ၁၅

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဧရာမင်း မျိုးစေ့ထုတ်စိုက်ကွင်း မျိုးကွဲပယ်ခြင်း ဒုတိယအကြိမ် လက်တွေ့ပြသခြင်းကို ရေတွင်းကောင်း ကျေးရွာရှိ တောင်သူဦးထွန်းကြိုင်(၄.၀၀)ဧက၊ ဦးမျိုးအောင်(၂.၀၀)ဧက၊ ဦးတင်မောင် ဆွေ(၄.၀၀)ဧကများ၏ မျိုးသန့်စင်မှုနှင့် ပေါင်းမြတ်ကင်းစင်မှုရှိစေရန်၊ ပိုးမွှားရောဂါ ကျရောက်မှု အခြေအနေများသိရှိန်ုင်ရန် တောင်သူများအား ယမန်နေ့က ကွင်းဆင်းသရုပ်ပြ ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။

" ပန်းပွင့်ချိန်မှာ ဒုတိယအကြိမ် မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန် လက်တွေ့ဆောင်ရွက်ပြသ ပေးတာပါ ဒီအချိန်က အလွန်အင်မတန် အရေးကြီးပါတယ် မျိုးကွဲပယ်ခြင်းစနစ်တကျဖြစ်မှ မျိုးကောင်းမျိုးသန့် စေ့များရရှိမှာ ပျိုးပင်ပေါက် ချိန်မှ ရိတ်သိမ်းသည်အထိ ပေါင်းမြက်ကင်းရှင်မှာသာလျှင် မျိုးကောင်း ရရှိလာနိုင်မှာပါ စတင်စိုက်ပျိုးစဉ်ကတည်းက ခြောက်တန်းစိုက် တစ်တန်းလှပ်စိုက်ပျိုးရပါတယ် အခုလို မျိုးကွဲပယ်တဲ့အခါ စိုက်ခင်းအတွင်း သွားလာရေး လွယ်ကူပါ တယ် သီးနှံတွေလည်း မထိခိုက် တော့ပါဘူး"ဟု မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်ဦးကပြောပြ၍ သိရသည်။

စစ်ကိုင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၆၂၀၀)ဧက ရှိသည့်အနက် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက (၃၇၀)ဧက ကို ကျေးရွာပေါင်း(၂၈)ရွာမှ တောင်သူ(၁၂၇)ဦးတို့က စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

ဇော်မြင့်နိုင်