မိုးညို နို၀င်ဘာ ၁၅
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာ၀န်များအား ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ သည့် မိုးညိုမြို့နယ်ရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့၀င်များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)၊ သရဖူဆောင်တွင် ယနေ့ နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မိုးညိုမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇော်ခန့်က အဖွင့်အမှာစကား ပြောကြားပြီး မိုးညိုဇုံမှ အထူးရဲ(၄၄)ဦး၊ ရေကင်းဇုံမှ အထူးရဲ(၆၆)ဦး၊ စုစုပေါင်း (၁၁၀)ဦး တို့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မိုးညိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ၀င်းမြင့်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဇော်ခန့်နှင့် ရဲတပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာများနှင့် အထူးရဲတပ် ဖွဲ့၀င်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)