နတ်မောက် နိုဝင်ဘာ ၁၅
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တတိယ အကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထူးရဲတပ်ဖွဲ့ဝင်အဖြစ် ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သော နတ်မောက်မြို့နယ်ရှိ အထူးရဲ တပ်ဖွဲ့ဝင် (၂၈၁)ဦးအား ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က မြို့နယ်ရဲတပ်ဖွဲ့စခန်းရုံးတွင် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့ကြ သည်။
အဆိုပါနတ်မောက်မြို့နယ်ရှိ အထူးရဲတပ်ဖွဲ့ဝင် (၂၈၁)ဦးတို့အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ပြည် ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းမြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုးနှင့် အထူးရဲ သင်တန်း နည်းပြမှူး ရဲအုပ်တင်ကိုကိုတို့မှ အသီးသီးဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လှဝင်း (နတ်မောက်)