ရေးမြို့နယ်တွင် ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်

 

ရေး      နိုဝင်ဘာ           ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ ၌ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင် ခဲ့သော အထူးရဲတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်က ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီး မြို့နယ်အတွင်းရှိ မဲရုံများ လုံခြုံရေးအတွက် အထူးရဲတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရေးမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု (၄၄)အုပ်စုရှိ မဲရုံ (၁၃၀)ရုံတွင် အထူးရဲတပ်ဖွဲ့ဝင်အဖြစ် အောက်တိုဘာလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အထိ လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင် (၁၃၀) ဦး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)